More Information
Home သတင်းများ နိုင်ငံတကာသတင်း
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) သို့ အလည်လာကြသော မိတ်သင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွင်လန်းပါစေ။
နိုင်ငံတကာသတင်း
သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အီတလီဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြင့်ခံရ PDF Print E-mail
Written by နေလ   


ဗုဒ္ဓဟူးနေ့၊ 10 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်၌  အကျဉ်းကျခံနေရသူ သျှမ်းခေါင်းဆောင် SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး ကို အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီြး မင့်ခဲ့ပါသည်။ ယခုလ ၉ ရက်နေ့က မွန်ဇာ မြို့တော်ခန်းမ၌ ကျင်းပ သောဆုပေးပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး ကိုယ်စား ဘရပ်ဆဲလ် အခြေစိုက် ဥရောပ မြန်မာရုံး လက်ထောက် ညွန်ကြားရေးမှူး ဦးဘိုဒီဇော်မင်းက တက်ရောက် လက်ခံခဲ့ပါသည်။ 

၎င်းနဲ့ပတ်သက်ပြီး ဥရောပ-မြန်မာရုံး ညွန်ကြားရေးမှူး စ၀်ဟန်ယောင်ဟွေ့က " ကျနော်တို့ သျှမ်းခေါင်းဆောင် တွေတကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုလိုက်တာပါဘဲ။  နှစ်ရှည်ထောင် ကျခံ နေရပေမဲ့ ကျန်းမာရေး ကောင်းဖို့အဓိက ဖြစ်နေတဲ့အတွက် စိတ်ဓါတ်မကျဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ ကျနော် က အားပေးစကားပြောချင်ပါတယ်။ ဆက်လုပ်စရာရှိတာကို ကျနော်တို့နောင်လာနောက်သားတွေ ဆက်လုပ်သွား မယ်လို့လဲ ပြောချင်ပါတယ်" လို့ပြောပါတယ်။ 

သျှမ်းခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ်ကျခံရမှုကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သျှမ်းမျိုးဆက်သစ် လူငယ်များ အနည်းငယ်တုန့်နှေးသွားခြင်းနှင့် ပတ်သက်၍ စ၀်ဟန်ယောင်ဟွေ့က "ဖြစ်နိုင်တယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတိုင်းကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေပေးပြီး မိသားစုထောင်ဝင်စာတွေ့ဖို့ခက်တဲ့  ဗမာ ပြည်  နယ်စွန်နယ်ဖျားကို ပို့ပို့ပစ်တာဟာ မျိုးဆက်သစ်လူငယ်တွေနိုင်ငံရေး၊ အမျိုးသားရေးမလှုပ်ရှားရဲအောင် လုပ်ပြတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မြန်မာပြည်ကြီးဒီမိုကရေစီ မရမချင်း၊ စစ်မှန်သော ပြည်ထောင်စုကြီးမဖြစ်မချင်း၊ စစ်အာဏာရှင်မကျဆုံးမချင်း ကျနော်တို့တိုင်းရင်းသား တွေဟာဖိနှိပ်မြဲဖိနှိပ်ခံနေရဦး မှာဘဲ။ ဒါကြောင့်ကြောက်ရွံ့လို့မနေနဲ့၊ တုန့်နှေးလို့မနေနဲ့၊ လုပ်စရာရှိတာလုပ်သွားပါ။ သူများကိုသွားအားကိုးနေလို့မြ ဖစ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်အားကိုးရမယ်။ ကိုယ့်အချင်းချင်း စည်းလုံးရမယ်။ စည်း စည်းလုံးလုံးနဲ့ လုပ်စရာရှိတာလုပ်သွားရင် ကိုယ်မျှော်မှန်းတဲ့ပန်းတိုင် မလွဲမသွေရောက်မှာဘဲ။ ယခုနအဖရဲ့ လုပ် ရပ်ဟာ ခြိမ်းခြောက်တာသက်သက်ဘဲဖြစ်တယ်။ လုပ်စရာရှိတာဆက်လုပ်သွားရင် သူတို့လဲ ဘယ်လိုမှမတတ် နိုင်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေလဲ အဖမ်းခံရသည့်တိုင်အောင် မကြောက်မရွံ့ စိတ်ဓါတ်ကြံ့ခိုင်နေသေး တာဘဲ။ သူတို့လမ်းပြတဲ့အတိုင်း ဆက်လုပ်သွားဖို့ ကျနော်တိုက်တွန်းအားပေးချင်တယ်" ဆက်ပြောပါတယ်။ 

Read more...
 
ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်ကို ကေအန်ယူဝင်သိမ်း PDF Print E-mail
Written by နေလ   

Orginal post by: ဦးကုလားဟုခေါ်ပါသည်။

NEJ/ ၁၂ နိုဝင်ဘာ ၂၀၀၈။
သထုံခရိုင်တွင် အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား နိုဝင်ဘာ (၅) ရက်က ကေအန်ယူတပ်ဖွဲ့ဝင်များ ၀င်ရောက်တိုက်ခိုက်ရာ ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး ကေအန်အယ်လ်အေမှ (၃) ဦး ဒဏ်ရာရရှိသည
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က သထုံခရိုင်အတွင်းရှိ ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းသည် ဒေသခံကရင်လူမျိုးများအပေါ် ဒီကေဘီအေအဖွဲ့မှ နည်းမျိုးစုံဖြင့် မတရားအနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် လူထုအကျိုးအတွက် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ခေတ်ပြိုင်သို့ ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁) နှင့် ကေအန်ယူ သထုံမြို့နယ်အဖွဲ့တို့ပူးပေါင်းပြီး သထုံခရိုင်တွင်အခြေစိုက်သည့် ဒီကေဘီအေ (၃၃၃) တပ်ရင်းဌာနချုပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောကြားသည်။
၎င်းက “ဒီကေဘီအေရဲ့ ဘယ်စခန်းကိုမဆို ဘယ်အချိန်ဖြစ်ဖြစ် တက်သိမ်းလို့ရတယ်။ ဒီကေဘီအေ (၃၃၃) တပ်က တပ်မဟာ (၁) သထုံခရိုင်မှာရှိတဲ့ လူထုကို အကြောင်းအမျိုးမျိုးပြပြီး အမြဲတမ်းညှဉ်းပန်းနှိပ်စက်မှုတွေ၊ မတရားဆက်ကြေးတောင်းခံမှုတွေ ကျူးလွန်နေတာကို မခံနိုင်တော့တဲ့ ကရင်လူထုတွေဟာ ကျနော်တို့ဆီကို လူနာမည်၊ တပ်ရင်းတပ်ဖွဲ့နာမည် အတိအကျနဲ့ မတရားအနိုင်ကျင့် သတ်ဖြတ်မှုတွေအပါအဝင် အရေးယူပေးဖို့တိုင်စာတွေ၊ သက်သေအထောက်အထားတွေနဲ့တကွ တိုင်ကြားလာတာတွေရှိတယ်။ လူထုအကျိုးအတွက် အခုလို အရေးယူတိုက်ခိုက်ရတာ” ဟု ပြောသည်။

Read more...
 
မစ္စတာ ဂန်ဘာရီ မြန်မာပြည်လာရန် စစ်အစိုးရဖိတ်ကြား PDF Print E-mail
Written by နေလ   

ဧရာဝတီ နိုဝင်ဘာ ၃၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီကို ယခုလနောက်ဆုံးအပတ် (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ဖိတ်ကြားလိုက်သည်။
မစ္စတာ ဂန်ဘာရီ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ တာဝန်ရှိသူများက လွန်ခဲ့သည့် သြဂုတ်လခရီးစဉ်ကဲ့သို့ ထပ်မံကြုံတွေ့မည်ကိုလည်း စိုးရိမ်လျက် ရှိသည်။
လွန်ခဲ့သည့် သြဂုတ်လက မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခွင့်မရသကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန်ငြင်းပယ်ခဲ့သည်။
မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်တင့်ဆွေ တို့ တွေ့ဆုံခဲ့အပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ မစ္စတာ ဂန်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်မည့် နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မစ္စတာ ဂန်ဘာရီ၏ ယခုအကြိမ်ခရီးစဉ်သည်လည်း သြဂုတ်လခရီးစဉ်ကဲ့သို့ မအောင်မြင်မှုများနှင့် ထပ်မံကြုံတွေ့ရဦးမည်ဟု ကုလသမဂ္ဂ အရာရှိများက ယုံကြည်နေကြသည်။
လွန်ခဲ့သည့် သြဂုတ်လ မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံမှပြန်သွားအပြီး အတိုက်အခံပါတီဖြစ်သည့် အန်အယ်လ်ဒီ အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများက ၎င်းအား ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများသည် အလုပ်မဖြစ်၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုတစုံတရာမရှိဟု အန်အယ်လ်ဒီ ပါတီက ကြေညာချက်ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။မစ္စတာ ဂန်ဘာရီသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် မေလ နှင့် နိုဝင်ဘာလ များမှစတင်၍ မြန်မာနိုင်ငံသို့ ၂ ကြိမ်သွားရောက်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ်တာဝန်ဖြင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ် သြဂုတ်လ နောက်ဆုံးအကြိမ်အထိ မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်။
 

 
ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူးရာထူး ပထမဆုံးအကြိမ် ကရင်အမျိုးသမီးတဦးကို ခန့်အပ် PDF Print E-mail
Written by နေလ   

Orginal Post by: ဧရာဝတီ အောက်တိုဘာ ၂၀၊ ၂၀၀၈


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော (၁၄)ကြိမ်မြောက် ကွန်ဂရက်အစည်း အဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့သည်။
ကေအန်ယူအဖွဲ့၏ ဥက္ကဌ အဖြစ် စောတာမလာဘောနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် နော်စီဖိုးရာစိန်ကို အောက်တိုဘာ လ ၁၇ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကရင်အသိုင်းအ၀န်းမှ သိရသည်

နော်စီဖိုးရာစိန်သည် ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရပြီး နောက်ပိုင်း အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင်ရသည့် ပထမဆုံးသော ကရင် အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ်သည်။
နော်စီဖိုးရာစိန်အား ကေအန်ယူတွင် ယင်းကဲ့သို့ ခန့်အပ်လိုက်ခြင်းကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကြိုဆို လိုက်သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်က“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုး သမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကေအန်ယူရဲ့ဦးဆောင်မှုအောက် မှာ ကရင်အမျိုး သမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောသည်။

Read more...
 
စစ်တွေ ဆွမ်းဆန်လောင်းပွဲ သံဃာတော်အရေအတွက် ကန့်သတ်ခံရ PDF Print E-mail
Written by နေလ   

Orginal Post by: .mizzimaburmese

ဖနိဒါ   

တနင်္လာနေ့၊ အောက်တိုဘာလ 13 2008 11:01 - မြန်မာစံတော်ချိန်

ချင်းမိုင်။      ။ သီတင်းကျွတ်လပြည့်နေ့ နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ဖြစ်ပွားလာမှာကို စိုးရိမ်နေသော အာဏာပိုင်များက ဘုန်းကြီးကျောင်းတကျောင်းလျှင် သံဃာတော် ၂ ပါးသာ အလှုခံထွက်ရန် ကန့်သတ်ထားသည်။

အလှုခံထွက်မည့် ရဟန်းတော်များအနေဖြင့် အာဏာပိုင်များသို့ ဘွဲ့အမည်၊ ကျောင်းအမည်များ ကြိုတင်ပေးထားရပြီး စုရပ်နေရာတွင်သာ အလှုခံရမှာဖြစ်သည်။ ထို့အပြင် ဘုန်းကြီးကျောင်း တကျောင်းလျှင် ၂ ပါးထက်ပိုမကြွရန် တားမြစ်ထားသည်။
ကန့်သတ်လိုက်ခြင်းသည် သာသနာကို ညိုးနွမ်းအောင် လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက စွပ်စွဲပြောဆိုလိုက်သည်။

” သံဃာတော်တွေက ၀ိနည်းတော်နဲ့ အညီ ဘုရားအဆုံးအမအောက်မှာ နေကြရတယ်လေ။ ဒီလို မြတ်စွာ ဘုရားအပေါ်ကနေ အာဏာပိုင်တွေ စီးမိုးပြီးတော့ ဘာသာ၊ သာသနာကို ရိုက်ချိုး ပစ်လိုက်သလို ဖြစ်နေတယ်။ မလုပ်သင့် မလုပ်ထိုက်ဘူး။ … ဒကာ၊ ဒကာမတွေဘက်ကိုဆိုရင်လည်း ခြိမ်းခြောက်မှုတွေလုပ်တယ်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို ဆော်ကားရာရောက်တယ်။ ရိုးရာ အစဉ်အလာ တခုလုံးကို ရိုက်ချိုးပစ်လိုက်သလို ဖြစ်နေတယ်လေ” ဟု ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။
ဘုန်းကြီးကျောင်း ၂၅၀ ခန့်ရှိသည့် နိုင်ငံရေးလှုပ်ရှားမှုအားကောင်းသည့် ပြည်နယ်မြို့တော်တွင် ယခင်နှစ်က သီတင်းကျွတ်လပြည့် အလှုပွဲသို့ သံဃာတော် အပါး ၁၅၀၀ ကျော် ကြွရောက်ခဲ့သည်။

အတိုက်အခံလှုပ်ရှားမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလေ့ရှိသော စစ်တပ်အုပ်ချုပ်သည့် နိုင်ငံတွင် ယမန်နှစ်ကစတင်ကာ ရခိုင်ပြည်နယ်အတွင်း သံဃာတော်များက စီတန်းလမ်းလျှောက်မှုများဖြင့် အာဏာပိုင်များကို အာခံတုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၂၇ ရက်နေ့က သံဃာတော်အပါး ၁၅၀ ခန့်သည် တိတ်ဆိတ်ငြိမ်သက်စွာ စစ်တွေမြို့တွင်း လမ်းလျှောက်ခဲ့ကြသည်။ ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်သည်ဟု ရဟန်းတော်များက ပြောသည်။

 

 
<< Start < Prev 1 2 3 Next > End >>

Page 2 of 3

တခုခုပြောခဲ့ပေးပါ

စုပေါင်းအင်အားစု

Click to enlarge Click to enlarge Click to enlarge မွန်အမျိုးသားဒီမိုကရေစီအဖွဲ.(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ Click to enlarge Click to enlarge SND Japan></a></a><a Click to enlarge

World Class Service!

Shape 5 has built a great reputation for good customer service!

Take some time to read what our members are saying about Shape 5... click here!
Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge