More Information
Home သတင်းများ နိုင်ငံတကာသတင်း သတင်း
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) သို့ အလည်လာကြသော မိတ်သင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွင်လန်းပါစေ။
သတင်း
ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင် PDF Print E-mail
Written by နေလ   

Orginal Post By: The Irrawaddy News

ကိုထွေး | အောက်တိုဘာ ၉၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သောအယူခံလွှာကို ယနေ့တွင် နေပြည်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

ယင်းအယူခံလွှာအား နံနက်ပိုင်းတွင် အစိုးရအဖွဲ့က လက်ခံထားလိုက်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“အယူခံလွှာကတော့ ကျနော့် လက်တွဲဖက် ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်မှာ ဒီနေ့ မနက်က တင်လိုက်ပါပြီ၊ အစိုးရ အဖွဲ့ကလည်း လက်ခံထားလိုက်ပြီ၊ နောက်တခါ ဒီဘက်က ပြည်ထဲရေးဗဟိုအဖွဲ့ ဆိုတာ ရှိတယ်၊ တရားပြိုင်ပေါ့၊ သူတို့က လည်း လက်ခံထားလိုက်တယ်၊ လျှောက်လွှဲချက် ဘယ်နေ့ပေးရမလဲ ဆိုတာ ရက်စွဲတော့ မပေးသေးဘူး”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါအယူခံလွှာသည် ပြည့်ပြည့်စုံစုံပါရှိသည့်အတွက် စိတ်ကျေနပ်မှုရှိကြောင်း၊ အယူခံလွှာနှင့် ပတ်သက် ၍ဖြစ်ပေါ်လာ မည့် အကျိုးသက်ရောက်မှု အသေးစိတ်ကို ဖြေဆိုခြင်းမပြု သော်လည်း အယူခံလွှာအား အတည်ပြုရန် မျှော်လင့်ထား ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ၍တွေ့ဆုံနိုင်ရန်အတွက် လာမည့် သောကြာနေ့တွင် အာဏာပိုင်များထံ စာရေး၍ ခွင့်တောင်းရန်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

Read more...
 
တရားမဝင်အလုပ်သမားများ တင်ဆောင်လာသည့်ကား မြစ်ထဲသို့ထိုးကျ PDF Print E-mail
Written by နေလ   

Orginal Post by: Yoma3

ဉာဏ်မောင်။ အောက်တိုဘာ ၆၊ ၂၀၀၈ 

တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား တင်ဆောင်လာသည့် ထရပ်ကားတစီး မြစ်တွင်းသို့ ထိုးကျသွားရာတွင် လူပေါင်း ၁၈ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 

ယမန်နေ့က ဂရိနယ်စပ်အနီး တူရကီဟိုင်းဝေးလမ်းပေါ် ဖြတ်သန်းမောင်းနှင်စဉ် အရှိန်ဖြင့် ကွေ့လိုက်ရာမှ မြစ်တွင်းသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း အနိုတိုလီယမ်ပြည်နယ် သတင်း အေဂျင်စီတွင် ဖေါ်ပြခဲ့သည်။ 

ကားပေါ်တွင် လိုက်ပါလာသူများမှာ မြန်မာနိုင်ငံနှင့် ပါကစ်စတန်နိုင်ငံမှ အလုပ်သမားများ အများဆုံးပါဝင်ပြီး ယင်းကဲ့သို့ ပို့ဆောင်ရာတွင် ကားအတွင်း လူများ အဆမတန်တင်ဆောင်မှု များ ရှိသည်ဟု ဆိုသည်။  

တူရကီနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ယခင် ဆိုဗီယက်ယူနီယံတို့မှ ရွှေ့ပြောင်း အလုပ်သားများ ဥရောပသမဂ္ဂနိုင်ငံများသို့ တရားမဝင်သွားရောက်လုပ်ကိုင်ရန် အဓိက လူကုန် ကူးနေသည့် လမ်းကြောင်းတခုဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ကားဖြင့် တင်ဆောင်လာစဉ် အသက်ရှူကြပ်၍ မြန်မာအလုပ်သမား ၅၄ ဦး သေဆုံးခဲ့သည်။

 

 
အရှင်ဂမ္ဘီရ၏ညီအစ်ကိုတော်များ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံနေရ PDF Print E-mail
Written by နေလ   

အရှင်ဂမ္ဘီရ၏ညီအစ်ကိုတော်များ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံနေရ

orginal Post by: Yoma3 


ဖြိုးကြီး။ အောက်တိုဘာ ၄၊ ၂၀၀၈ 

စစ်အစိုးရအာဏာပိုင်များက အရှင်ဂမ္ဘီရ၏ ညီဖြစ်သူနှင့် ယောက်ဖတို့နှစ်ဦးအား စစ်ကြောရေး စခန်းတွင် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ဖောက်ခွဲ (၃) နှင့် ရုံးတင်ရန် လုပ်ဆောင်နေသည်။ 

ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့နှစ်ဦးအား ဘားလမ်းအချုပ်တွင် အာဏာပိုင်များက ရိုင်းစိုင်းစွာ ပြောဆိုရိုက်နှက်ခဲ့ကြပြီး ပြီးခဲ့သည့်လ (၂၉) ရက်နေ့က မြောက်ဒဂုံတရားရုံးတွင် ပထမဆုံး ရုံးထုတ်ခဲ့သည်။ 

“ထောက်လှမ်းရေးနဲ့ SB အယောက်နှစ်ဆယ်က ကိုမိုးထက်လျှမ်းကို ခုနှစ်ရက်၊ ခုနှစ်ညလုံးလုံး ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်တယ်၊ အလှည့်ကျ တယောက်ပြီးတယောက် စစ်နေတာ၊ နံပါတ် တုတ်နဲ့လည်း ရိုက်တယ်၊ ခြေသလုံးပေါ်ကို မျဉ်းလုံးတင်ပြီး အပေါ်ကတက်လှိမ့်တာ အဲလိုတွေ ကို လုပ်တာ”ဟု မိသားစုဝင်တဦးက ပြောသည်။ 

အာဏာပိုင်များက ကိုမိုးထက်လျှမ်းအား ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် အရှင် ဂမ္ဘီရ၏ ယောက်ဖတော်စပ်သည့်အတွက် အငြိုးအတေးများဖြင့် ပြောဆိုပြမှုဆက်ဆံခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 

Read more...
 
ဘင်္ဂလားဒေရှ် မြန်မာအကျဉ်းသားများ လွတ်မြောက်ဖို့အရေး အမြန်ဆုံးကယ်တင်ကြဖို့ မေတ္တာရပ်ခံပါသည်။ PDF Print E-mail
Written by နေလ   

မြန်မာနိုင်ငံသား ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကျဉ်းစခန်းတွင် အမြောက်အများဖမ်းဆီးခံနေရပါသည်။
၎င်းအကျဉ်းသားများကို မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရများက လစ်လျူရှု့ထားနေပါသည်။ ထိုဒုက္ခသည်များသည်
လွတ်ရက်စေ့သော်လည်း ကူညီမယ့်သူမရှိ၊ ကယ်တင်မဲ့သူမရှိကြ၍ အကျဉ်းထောင်ထဲတွင် နှစ်ရှည်လများ ဆက်လက်
ထိန်းသိမ်းခံနေရပါသည်။ နေ့စဉ်နဲ့အမျှ အစာရေစာများကို မသေယုံတမည် ကျွေးပြီး ဆေးဝါးနှင့် အ၀တ်အစားများမှာလည်း
လုံလောက်မူ့မရှိ အရမ်းကိုဒုက္ခရောက်နေပါတယ်။
    မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဝေဒနာခံစားနေရသူများ အများအပြားရှိပြီး တချို့မှာ ကိုယ့်ကိုယ်ကို သတ်သေကြသူများ
လည်းရှိပါတယ်။ ဒီမြန်မာနိုင်ငံသား ဒုက္ခသည်များကို ကယ်တင်ကြဖို့အတွက် အထူးမေတ္တာရပ်ခံချင်ပါတယ်။ လူသားချင်း
စာနာထောက်ထားစွာဖြင့်  သူတို့တွေပြန်လည်အသက်ရှင်ခွင့်ရရှိနိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က အမြန်ဆုံးကယ်တင်
ကူညီကြဖို့ အလေးအနက် နိုးဆော်အပ်ပါတယ်။
    ထိုမြန်မာနိုင်ငံသားများဟာ ငါးဖမ်းသင်္ဘော၊ စက်လှေမှ ဖမ်းဆီးခံရသူများ၊ နယ်ကျော်အဖမ်းခံရသူများ၊ ဗီဇာရက်လွန်
သူများ၊ နိုင်ငံရေးအရ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားများဖြစ်ကြပါတယ်။ သူတို့တွေဟာ ပြစ်မှုကျူးလွန်သူများမဟုတ်ကြပေ။။။။။

 

အပြည့်အစုံစာရင်းကို ဒီမှာဒေါင်းလုပ် လုပ်ယူနိုင်ပါသည်။

Mirror : ဒီမှာလည်းဒေါင်းလုပ် လုပ်နိုင်ပါတယ်။

 

Read more...
 
သမိုင်းကိုအမြဲလိမ်နေတဲ့နအဖ အခုတစ်ခါ ထပ်လိမ်ဖို့လုပ်ပြန်ပြီ PDF Print E-mail
Written by နေလ   

Orginal Post By: Niknayman

မြန်မာသမိုင်းအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ။

တက္ကသိုလ်ဆိုတဲ့ စကားလုံး မလိုချင်ဖူး၊ ပညာရေးဆိုတာ မလိုအပ်ဖူး ဖြုတ်ပြစ်။ မသေခင်မှာ ငါနာမည် သမိုင်းတွင်ရအောင်။ သန်းရွှေ

-တရားအားထုတ် (တရုတ်အားထား) ခဲ့တာတွေ ထည့်သွင်းဖေါ်ပြလို့ ရအောင် ငါ့အလိုကျ သမိုင်းသုတေသနီတွေ သန်းရွှေရတု ရေးသားစေ။

(ပုံ) သန်းရွှေ
ဗိုလ်ချူပ်မှူးကြီး
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ ဖြိုးရေးကောင်စီ။

(မှတ်ချက်။ နအဖအဖွဲ့ ကို ပြင်ဆင်သည့် အဖွဲ့  လာပါတော့မည်)။

 
<< Start < Prev 1 2 3 Next > End >>

Page 3 of 3

တခုခုပြောခဲ့ပေးပါ

စုပေါင်းအင်အားစု

Click to enlarge Click to enlarge Click to enlarge မွန်အမျိုးသားဒီမိုကရေစီအဖွဲ.(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ Click to enlarge Click to enlarge SND Japan></a></a><a Click to enlarge

World Class Service!

Shape 5 has built a great reputation for good customer service!

Take some time to read what our members are saying about Shape 5... click here!
Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge