More Information
Home သတင်းများ နိုင်ငံတကာသတင်း သတင်း ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူးရာထူး ပထမဆုံးအကြိမ် ကရင်အမျိုးသမီးတဦးကို ခန့်အပ်
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) သို့ အလည်လာကြသော မိတ်သင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွင်လန်းပါစေ။
ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူးရာထူး ပထမဆုံးအကြိမ် ကရင်အမျိုးသမီးတဦးကို ခန့်အပ် PDF Print E-mail
Written by နေလ   

Orginal Post by: ဧရာဝတီ အောက်တိုဘာ ၂၀၊ ၂၀၀၈


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၏ မကြာသေးခင်က ကျင်းပပြီးစီးခဲ့သော (၁၄)ကြိမ်မြောက် ကွန်ဂရက်အစည်း အဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့သည်။
ကေအန်ယူအဖွဲ့၏ ဥက္ကဌ အဖြစ် စောတာမလာဘောနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် နော်စီဖိုးရာစိန်ကို အောက်တိုဘာ လ ၁၇ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ကရင်အသိုင်းအ၀န်းမှ သိရသည်

နော်စီဖိုးရာစိန်သည် ကေအန်ယူ၏ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ လုပ်ကြံခံရပြီး နောက်ပိုင်း အတွင်းရေးမှူး တာဝန် ကို ထမ်းဆောင်ရသည့် ပထမဆုံးသော ကရင် အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ်သည်။
နော်စီဖိုးရာစိန်အား ကေအန်ယူတွင် ယင်းကဲ့သို့ ခန့်အပ်လိုက်ခြင်းကို အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ကြိုဆို လိုက်သည်။
အမျိုးသမီးများအဖွဲချုပ် (မြန်မာနိုင်ငံ) အတွင်းရေးမှူး နန်းယဉ်က“ကေအန်ယူရဲ့အခုဆောင်ရွက်မှုဟာ နိုင်ငံ ရေးမှာ အမျိုး သမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်ပြူလိုက်တဲ့သဘောပါပဲ၊ ကေအန်ယူရဲ့ဦးဆောင်မှုအောက် မှာ ကရင်အမျိုး သမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်လိမ့်မယ်လို မျှော်လင့်ပါတယ် ”ဟု ပြောသည်။

နော်စီဖိုးရာစိန်နှင့်အတူ ယခု ကေအန်ယူ ကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ စောဒေးဗစ် သာကပေါ်ကို ဒု ဥက္ကဌ အဖြစ် လည်းကောင်း၊ ဗိုလ်မှူးစောလှငွေနှင့် စောဒေါလေမှူး တို့ကို တွဲဖက်အတွင်းရေးမှူး (၁) နှင့်(၂) အဖြစ်လည်းကောင်း ခန့်အပ်လိုက်ပြီး တခြားသော အလုပ်အမှုဆောင် ကော်မတီဝင်များ အဖြစ် ဗိုလ်ချုပ် မူတူး စေးဖိုး၊ စောဒေးဗစ်ထော၊ စောရောဂျာခင်၊ ပဒိုအားတိုး၊ ပဒိုဟေးဆာ၊ စောလားစေး တို့ကို ရွေးချယ်ခဲ့ ကြသည်။
နော်စီဖိုးရာစိန်သည် မြန်မာစစ်အစိုးရက ကရင်တိုင်းရင်းသားများအပေါ် အထူးသဖြင့် အမျိုးသမီးများ အပေါ် တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်နေသော အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသမီး အဖွဲ့ အစည်းတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
အမျိုးသမီးများ၏ အခွင့်အရေးကို တိုက်ပွဲဝင်ခဲ့သည့် သူမ၏လုပ်ရပ်အတွက် နော်စီဖိုးရာစိန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် (Perdita Huston Human Rights Award) ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
နိုင်ငံတကာအမျိုးသမီးအဖွဲ့အစည်းကလည်း ၂၀၀၆ ခုနှစ် နိုဗဲငြိမ်းချမ်းရေးဆုအတွက် နော်စီဖိုးရာစိန်ကို အဆို တင်သွင်း ခဲ့သေးသည်။
ကေအန်ယူအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ လက်ရှိအချိန်အထိ ဥက္ကဌ(၇)ဦးရှိသွားပြီဖြစ်သည်။
ကေအန်ယူသည် အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ခုနှစ် ဖေဖော် ၀ါရီလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကာ ထိုအချိန်က ဥက္ကဌမှာ စောစံဖိုးသင်ဖြစ်သည်။
၁၉၄၉ခုနှစ် မှ စတင်ကာ လက်ရှိအချိန်အထိ ကေအန်ယူသည် မြန်မာအစိုးရကို လက်နက်ကိုင်တော်လှန် ပုန်ကန်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။
စစ်အစိုးရအား နှစ်ပေါင်း ၅၀ ကျော်သည်အထိ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့ဖြစ်ပြီး လက်နက်နှင့် ငြိမ်းချမ်းရေးကို လဲလှယ်ခဲ့ခြင်းမရှိချေ။
၁၉၉၅ခုနှစ် ဇန်န၀ါရီလတွင်မူ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ)သည် ကေအန်ယူ အဖွဲ့မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
၂၀၀၄ ခုနှစ်တွင်လည်း ကေအန်ယူ ဥက္ကဌ စောဘိုမြသည် ဗိုလ်ချုပ်ခင်ညွန့်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရန်ကုန်သို့ သွားရောက်ခဲ့သေးသည်။
၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလက ကေအန်ယူမှ ဗိုလ်ချုပ်ထိန်မောင်သည် တပ်သား ၃၀၀ ခန့်နှင့်အတူ ကေအန်ယူ တပ်မဟာ ၇ မှခွဲထွက်ကာ မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ပြီး ခွဲထွက်အဖွဲ့ကိုကေအန်ယူ/ ကေအန်လယ်အေ ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။ ထိုအချိန်မှစတင်၍ ကေအန်ယူအဖွဲ့က စစ်အစိုးရနှင့် အဆက်အသွယ်ကိုရပ်ဆိုင်း လိုက်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကေအန်ယူမှ ခွဲထွက်သည့်အဖွဲ့များပြားလာပြီးနောက်ပိုင်း အဖွဲ့အတွင်းတွင် လုပ်ကြံမှုများ ပိုမိုများ ပြားလာကာ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာသည်လည်း ၂၀၀ဂ ခု ဖေဖော်ဝါရီလ ၁၄ရက်နေ့က နေအိမ် ၌ သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရမှုကြောင့် ကွယ်လွန်သွားခဲ့သည်။
မန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်အစောပိုင်းတွင် ကေအန်ယူအား ထိုးစစ်ဆင်ခဲ့ရာ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင်ရွာသား ၃၀၀၀၀ ခန့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။

 

တခုခုပြောခဲ့ပေးပါ

စုပေါင်းအင်အားစု

Click to enlarge Click to enlarge Click to enlarge မွန်အမျိုးသားဒီမိုကရေစီအဖွဲ.(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ Click to enlarge Click to enlarge SND Japan></a></a><a Click to enlarge

World Class Service!

Shape 5 has built a great reputation for good customer service!

Take some time to read what our members are saying about Shape 5... click here!
Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge