More Information
Home သတင်းများ နိုင်ငံတကာသတင်း သတင်း ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင်
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) သို့ အလည်လာကြသော မိတ်သင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွင်လန်းပါစေ။
ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင် PDF Print E-mail
Written by နေလ   

Orginal Post By: The Irrawaddy News

ကိုထွေး | အောက်တိုဘာ ၉၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သောအယူခံလွှာကို ယနေ့တွင် နေပြည်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

ယင်းအယူခံလွှာအား နံနက်ပိုင်းတွင် အစိုးရအဖွဲ့က လက်ခံထားလိုက်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“အယူခံလွှာကတော့ ကျနော့် လက်တွဲဖက် ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်မှာ ဒီနေ့ မနက်က တင်လိုက်ပါပြီ၊ အစိုးရ အဖွဲ့ကလည်း လက်ခံထားလိုက်ပြီ၊ နောက်တခါ ဒီဘက်က ပြည်ထဲရေးဗဟိုအဖွဲ့ ဆိုတာ ရှိတယ်၊ တရားပြိုင်ပေါ့၊ သူတို့က လည်း လက်ခံထားလိုက်တယ်၊ လျှောက်လွှဲချက် ဘယ်နေ့ပေးရမလဲ ဆိုတာ ရက်စွဲတော့ မပေးသေးဘူး”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။

အဆိုပါအယူခံလွှာသည် ပြည့်ပြည့်စုံစုံပါရှိသည့်အတွက် စိတ်ကျေနပ်မှုရှိကြောင်း၊ အယူခံလွှာနှင့် ပတ်သက် ၍ဖြစ်ပေါ်လာ မည့် အကျိုးသက်ရောက်မှု အသေးစိတ်ကို ဖြေဆိုခြင်းမပြု သော်လည်း အယူခံလွှာအား အတည်ပြုရန် မျှော်လင့်ထား ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ၍တွေ့ဆုံနိုင်ရန်အတွက် လာမည့် သောကြာနေ့တွင် အာဏာပိုင်များထံ စာရေး၍ ခွင့်တောင်းရန်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

 

၎င်းအယူခံလွာနှင့်ပတ်သက်၍ ယခင်က ရှေ့နေကြီးများဖြစ်ကြသော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့် တို့က လိုက်ပါဆောင်ရွက်ရန် စီစဉ်ထားသော်လည်း စစ်အစိုးရက တားမြစ်သည့်အတွက် ဦးဥာဏ်ဝင်းမှာ လိုက်ပါ ဆောင်ရွက်နိုင် ခြင်းမရှိတော့ကြောင်း သိရသည်။

“အခုအမှုမှာ ဦးဥာဏ်ဝင်းက ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူး၊ သူက အန်အယ်လ်ဒီ ပါတီဝင်ဖြစ်နေတယ်၊ တားဆီးမိန့် ၁၀(ခ)မှာ တခုပါတာက သံရုံးကပုဂ္ဂိုလ်တွေ၊ ပါတီကပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မှုမရှိရဘူး၊ အဲဒီအတွက် အားလျော့သွား တာပေါ့”ဟုလည်း ဦးကြည်ဝင်းက ဆက်လက်ပြောဆိုသည်။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်၍ ဥပဒေကြောင်းရ အယူခံဝင် ရန်အတွက် ဦးကြည်ဝင်းနှင့် လက်ထောက် ရှေ့နေ ဦးလှမျိုးမြင့်တို့ ၂ ဦးကသာ ဆက်လက် တာဝန်ယူ ဆောင်ရွက်သွား ကြမည်ဖြစ်သည်။

အယူခံလွှာကိစ္စနှင့် ပတ်သက်ပြီး ရှေ့နေကြီးဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ သည်မှာ ၅ ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။

အဆိုပါအယူခံလွာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀(ခ) အရ အရေးယူထားသည်မှာ ဥပဒေ နှင့် ညီမညီ၊ အရေးယူထားသည့်ကာလမှာ ဥပဒေနှင့် ညီမညီ၊ အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိ အနေနှင့် တားဆီးမိန့် အကျုံးဝင် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစု ဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေ ဦးကြည်ဝင်းအတွက် လက်ထောက်ရှေ့နေ ထပ်မံဌားရမ်းခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီ ဖြစ်သော်လည်း

စစ်အစိုးရက ယခုနှစ်မေလတွင် အကျယ်ချုပ်သက်တမ်း ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော်ပြီ ဖြစ်သည်။

 

 

တခုခုပြောခဲ့ပေးပါ

စုပေါင်းအင်အားစု

Click to enlarge Click to enlarge Click to enlarge မွန်အမျိုးသားဒီမိုကရေစီအဖွဲ.(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ Click to enlarge Click to enlarge SND Japan></a></a><a Click to enlarge

World Class Service!

Shape 5 has built a great reputation for good customer service!

Take some time to read what our members are saying about Shape 5... click here!
Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge