|
ရတနာပုံ သတင်းစာတွင် “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်” ဟု ဖေါ်ပြထားရှိ |
|
|
|
|
Written by နေလ
|
|

နိုဝင်ဘာလ ၁၃ရက်နေ့ မန္တလေးမြို့၌ ထုတ်ဝေသော ရတနာပုံ နေ့စဉ်
သတင်းစာ၏ စာစီအမှား “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင်” တွေ့မြင်ရစဉ် © MITP,
AungAungAyeOo
နိုဝင်ဘာလ ၁၃ရက်နေ့ မန္တလေးမြို့ ၌ ထုတ်ဝေသော ရတနာပုံ နေ့စဉ် သတင်းစာ၏ စာမျက်နှာ
၁၆တွင် “ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟူသော စာစီစာရိုက် စာလုံးကျန်၍ မှားယွင်း
ပုံနှိပ်ဖေါ်ပြ ထားသည်ကို တွေ့ရှိ ရသည်။
ယင်း ရတနာပုံ နေ့စဉ် သတင်းစာကို ၁၉၉၂-ခုနှစ်၊ မေလ (၁)ရက် နေ့တွင် အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ် က မန္တလေးမြို့ ၌ စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
အစိုးရ ထုတ်ဝေသော သတင်းစာကြီး များတွင် ပုံနှိပ် မှားယွင်းမှု၊ ပုံနှိပ်စာလုံး
ဆေးမှင် မခြောက်မီ ပူးခေါက်ထားမှု တို့နှင့် အခြား အခြားသော အကြောင်းရင်း
များကြောင့် ပြဿနာ တက်ရ၍ သတင်းစာ တိုက်မှ ဝန်ထမ်းများ အရေးယူခြင်းခံ ရလောက်သော
အနေအထားများ မကြာခဏ တွေ့ရှိရသည်။
|