ဒုတိယပိုင်းအနေဖြင့် ဖျော်ဖြေရေး အစီအစဉ်ကို ၄ နာရီမှာ အခမ်းအနားကို စတင်ခဲ့ပါတယ်.. ရုပ်ရှင်များကိုတော့မနက်ဖြန်တင်ပေးနိုင်အောင်ကြိုးစားပေးပါ့မယ်.. အခုလောလောဆယ်တော့ ဒုတိယပိုင်း ဓါတ်ပုံများကို အားပေးခဲ့ပါဦး..
ဓါတ်ပုံ အပိုင်း ၁
ဓါတ်ပုံ အပိုင်း ၂
အခမ်းအနားကို ည ၇ နာရီတွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရှိရပါတယ်..။ အခမ်းအနားပြီးဆုံးသွားပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ် အခမ်းအနားကိုလည်း တစ်လက်စထဲ ဧည့်သည်တော်များက ဆက်လက်ချီတတ်ခဲ့ကြပါတယ်..
အထူးကျေးဇူးတင်ရမှာက သတင်းဓါတ်ပုံကို အခမဲ့ကူညီရိုက်ကူးပေးတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ကြီး ၊ AUN Media Group ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့..
LIAN KHAN SUM ( CNC ) အား အထူးပင်ကျေးဇူးတင်ပါကြောင်း ကျွန်တော်ဒီနေရာကနေ ပြောကြားလိုပါတယ်..။
ဆက်လက်ပြီး အခမ်းအနားဖြစ်မြောက်ရေး ကော်မတီရှိ တာဝန်ရှိသူအသီးသီးကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း ဒီနေရာမှ မှတ်တမ်းတင်အပ်ပါတယ်...လက်ရှိဓါတ်ပုံများကို မည်သူမဆို အခမဲ့ ကူးယူဖော်ပြနိုင်ပါတယ်..။ဒါပေမယ့်.. ကူးယူခဲ့တဲ့အကြောင်းလေးကိုတော့ ပြောကြားပေး၊ ဖော်ပြပေးစေလိုပါတယ်...။
ကျေးဇူးတင်ပါတယ်
နေလ ( AUN Media Group Admin ) ( SND WEB Admin )
၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား တိုက်ရိုက်လွင့်ဓါတ်ပုံ အတွဲ ၂
ယနေ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN Japan မှ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို Minami Osuka Hall တွင် ကျင်းပနေပါသည်။ ( သတင်းကို တိုက်ရိုက်တင်ပို့ပေးနေပါသည် )။ဓါတ်ပုံများကို တိုက်ရိုက် တင်ပေးနေမှာဖြစ်ပါတယ်..အခုအချိန်တွင် ဖိတ်ကြားထားသော တိုင်းရင်းသားခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားနေပါတယ်။
ပြောရေးဆိုရာ ... အရေးကြိးသော အကြောင်းအရာများအတွက် ...