ယနေ့ ဂျပန်နိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအနိုင်ရ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဒီိမိုကရေစီလှုပ်ရှားသူများအားလုံးပူးပေါင်းပါဝင်ခဲ့ကြပြီး လူအင်အား ၆၀၀ နီးပါလောက် တတ်ရောက် လမ်းလျှောက်ချီတတ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်..။
ဒီကနေ့မှာ ဂျပန်နိုင်ငံတွင်းမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပေးရန်အတွက် တောင်းဆိုဆန္ဒပြ လမ်းလျှောက်ပွဲပြုလုပ်ခဲ့ပါတယ်။ Ebisu ဘူတာအနီးမှာရှိတဲ့ ပန်းခြံကနေစပြီး Sentagaya ပန်းခြံအထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ယနေ့ဟာ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ ယနေ့လိုအချိန်မျိုးမှာ မြန်မာနိုင်ငံသားတွေအားလုံးဟာ ပျော်ပျော်ရွင်ရွင်နဲ့ နေနေရမယ့်အစား၊ အခုမှာတော့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲမှာပါနေပြီး၊ မြန်မာပြည်သူလူထု တိုင်းရင်းသားအားလုံးဟာလည်း စားဝတ်နေရေး တွေဟာ အရမ်းကို ခက်ခဲနေပါတယ်။ ပြီးတော့ စစ်အစိုးရဟာ အပစ်မဲ့ကျောင်းသား၊ ပြည်သူတွေကိုလည်း ညင်းပန်းနှိပ်စက် ထောင်ချတဲ့လုပ်ရက်တွေကို တစိုက်မက်မက်လုပ်နေပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့တွေဟာ တတ်နိုင်တဲ့ဘက်က ကိုယ့်အသိစိတ်ဓါတ်တွေကိုယ်စီနဲ့ ယနေ့ ဂျပန်နိုင်ငံခြားရုံးရှေ့မှာပြုလုပ်တဲ့ ဂျပန်အစိုးရက မြန်မာနိုင်ငံရေးအပေါ် ပိုပြီးဖိအားပေးဖို့အတွက် မျိုးချစ်အင်အား ၂၅၀ လောက် တတ်ရောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။အထူးဧည့်သည်တော်အနေနဲ့ အမျိုးသားဒီမိုကရေစီ ကိုးရီးယားဌာနခွဲမှ တွဲဖက်အတွင်းရေးမှုး(၂) ဦးဇော်မိုးအောင်၊ စည်းရုံးရေးမှုး ဦးကျော်မိုးလွင်တို့က တက်ရောက်ပြီး ဂျပန်နိုင်ငံတွင်ရှိသော ဒီမိုကရေစီအင်အားစုများနဲ့တွေ့ဆုံ အင်အားဖြည့် တောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။။ ။။။
ပုံပေါ်ကလစ်နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်။
Orginal Post By: ခွပ်ဒေါင်းမြေ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်းဦး ၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ဂျပန်အစိုးရမှ ထိရောက်သည့် ကူညီလုပ်ဆောင်မှုများ ပြုလုပ်လာ ရန်အတွက် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများ မှ ဂျပန် နိုင်ငံခြားရေး ရုံးရှေ့တွင်တောင်းဆိုဆန္ဒပြကြမည် ဖြစ်ပါသောကြောင့်အောက်ပါအတိုင်း ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ၊ နေ့စွဲ ----- ၁၂ - ၂ - ၂၀၀၉ ( ကြာသာပတေးနေ့ - (၆၂နှစ်မြောက်ပြည်ထောင်စုနေ့ ) အချိန် ----- ညနေ ၃း ၀၀နာရီ မှ ၄း ၀၀ နာရီအထိ နေရာ ----- KASUMIKASEKI EKI (A-4 , A-8)ထွက်ပေါက်အနီးရှိ ဂျပန်နိုင်ငံခြားရေးရုံးရှေ့ လမ်းညွှန် ----- MARUNOUCHI LINE , HIBIYA LINE , CHIYODA LINE ဆက်သွယ်ရန် ၊ ၊ ၀၈၀-၁၁၃၇-၀၆၇၂ ။ ၀၈၀-၆၆၇၆-၄၉၈၇ ။ ၀၉၀-၁၆၅၅-၈၇၇၀ ။ ၀၉၀-၅၅၂၉-၀၅၆၅ ။ ၀၈၀-၂၀၁၆-၄၇၇၈ ။ ၀၉၀-၃၉၁၇-၆၃၅၄ ။ ၀၈၀- ၆၅၀၇-၃၈၀၇
သတင်း ဆန်နီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ်ပွဲအခမ်းအနားကို ည ၇ နာရီခွဲမှ ည ၈ နာရီခွဲအထိ လမ်းလျှောက်ချီတတ်ဆန္ဒပြခဲ့ကြပါတယ်။AUN Japanမှ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တတ်ရောက်လာကြသော ဧည့်ပရိသတ်များကလည်း ယခုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့အတွက် လူဦးရေဟာ ၄၀၀ ကျော်ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုလမ်းလျှောက်ပွဲကို Osuka ပန်းခြံမှ Ikebukuro Kumin Center ရှေ့ပန်းခြံအထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။။
ပြောရေးဆိုရာ ... အရေးကြိးသော အကြောင်းအရာများအတွက် ...