မင်းကိုနိုင်၏ (၄၆)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်နှင့်
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ
၁၈ ရက် အောက်တိုဘာ ၂၀၀၈ ( စနေနေ့) ညနေ ၃နာရီမှ ၅ နာရီ
မြန်မာအခွန်ရုံးရှေ့(ရှီနာဂါဝ)တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထူထောင်ခြင်း ၂၀ ပြည့်နှစ်မြောက်အခမ်းအနားကို ဂျပန်နိုင်ငံ Shibuya ဘူတာရှိ မီယရှိတ ပန်းခြံတွင်
နေ့လည် ၂ နာရီတွင် အခမ်းအနားစတင်ခဲ့ပါတယ်။ အခမ်းအနားတွင် NLD လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲမှ ကြီးမှုးပြီး၊ ဂျပန်နိုင်ငံရောက်
ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းချီတတ် ဆန္ဒပြတောင်းဆိုခဲ့ပါသည်။ အခမ်းအနားအစတွင် အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက
စကားအသီးသီးပြောကြပြီး လမ်းလျှောက်ချီတတ်ပြအခမ်းအနားကို ၂နာရီ ၄၅ မိနစ်တွင် စထွက်ပြီး ၄နာရီခွဲတွင် စထွက်ခဲ့သော ပန်းခြံတွင်
ပြန်လည်အဆုံးသတ်ပြီးခဲ့သည်။
ပြောရေးဆိုရာ ... အရေးကြိးသော အကြောင်းအရာများအတွက် ...