|
|
|
ဂျပန်နိုင်ငံခြားရုံးရှေ့တွင် တောင်းဆိုဆန္ဒပြကြမည် |
|
|
|
|
Written by နေလ
|
|
Orginal Post By: ခွပ်ဒေါင်းမြေ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်းဦး
၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး အကျဉ်းသားများ
အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ဂျပန်အစိုးရမှ
ထိရောက်သည့် ကူညီလုပ်ဆောင်မှုများ ပြုလုပ်လာ ရန်အတွက် ဂျပန်နိုင်ငံရောက်
ပြည်ထောင်စုမြန်မာနိုင်ငံသားများ မှ ဂျပန် နိုင်ငံခြားရေး
ရုံးရှေ့တွင်တောင်းဆိုဆန္ဒပြကြမည် ဖြစ်ပါသောကြောင့်အောက်ပါအတိုင်း
ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ၊
နေ့စွဲ ----- ၁၂ - ၂ - ၂၀၀၉ ( ကြာသာပတေးနေ့ - (၆၂နှစ်မြောက်ပြည်ထောင်စုနေ့ )
အချိန် ----- ညနေ ၃း ၀၀နာရီ မှ ၄း ၀၀ နာရီအထိ
နေရာ ----- KASUMIKASEKI EKI (A-4 , A-8)ထွက်ပေါက်အနီးရှိ ဂျပန်နိုင်ငံခြားရေးရုံးရှေ့
လမ်းညွှန် ----- MARUNOUCHI LINE , HIBIYA LINE , CHIYODA LINE
ဆက်သွယ်ရန် ၊ ၊ ၀၈၀-၁၁၃၇-၀၆၇၂ ။ ၀၈၀-၆၆၇၆-၄၉၈၇ ။ ၀၉၀-၁၆၅၅-၈၇၇၀ ။
၀၉၀-၅၅၂၉-၀၅၆၅ ။ ၀၈၀-၂၀၁၆-၄၇၇၈ ။ ၀၉၀-၃၉၁၇-၆၃၅၄ ။ ၀၈၀- ၆၅၀၇-၃၈၀၇
သတင်း ဆန်နီ
|
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ်ပွဲ |
|
|
|
|
Written by နေလ
|
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ်ပွဲအခမ်းအနားကို ည ၇ နာရီခွဲမှ ည ၈ နာရီခွဲအထိ လမ်းလျှောက်ချီတတ်ဆန္ဒပြခဲ့ကြပါတယ်။AUN Japanမှ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တတ်ရောက်လာကြသော ဧည့်ပရိသတ်များကလည်း ယခုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့အတွက် လူဦးရေဟာ ၄၀၀ ကျော်ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုလမ်းလျှောက်ပွဲကို Osuka ပန်းခြံမှ Ikebukuro Kumin Center ရှေ့ပန်းခြံအထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။။
|
|
|
ဒေါ်စု လွတ်မြောက်ရေး နေပြည်တော်မှာ အယူခံတင် |
|
|
|
|
Written by နေလ
|
|
Orginal Post By: The Irrawaddy News
ကိုထွေး | အောက်တိုဘာ ၉၊ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့်
ပတ်သက်သောအယူခံလွှာကို ယနေ့တွင် နေပြည်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။
ယင်းအယူခံလွှာအား နံနက်ပိုင်းတွင် အစိုးရအဖွဲ့က လက်ခံထားလိုက်ခြင်းဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။
“အယူခံလွှာကတော့ ကျနော့် လက်တွဲဖက် ရှေ့နေဦးလှမျိုးမြင့်က နေပြည်တော်မှာ ဒီနေ့
မနက်က တင်လိုက်ပါပြီ၊ အစိုးရ အဖွဲ့ကလည်း လက်ခံထားလိုက်ပြီ၊ နောက်တခါ ဒီဘက်က
ပြည်ထဲရေးဗဟိုအဖွဲ့ ဆိုတာ ရှိတယ်၊ တရားပြိုင်ပေါ့၊ သူတို့က လည်း လက်ခံထားလိုက်တယ်၊
လျှောက်လွှဲချက် ဘယ်နေ့ပေးရမလဲ ဆိုတာ ရက်စွဲတော့ မပေးသေးဘူး”ဟု ဦးကြည်ဝင်းက
ဧရာဝတီသို့ ပြောသည်။
အဆိုပါအယူခံလွှာသည် ပြည့်ပြည့်စုံစုံပါရှိသည့်အတွက် စိတ်ကျေနပ်မှုရှိကြောင်း၊
အယူခံလွှာနှင့် ပတ်သက် ၍ဖြစ်ပေါ်လာ မည့် အကျိုးသက်ရောက်မှု အသေးစိတ်ကို
ဖြေဆိုခြင်းမပြု သော်လည်း အယူခံလွှာအား အတည်ပြုရန် မျှော်လင့်ထား ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ၍တွေ့ဆုံနိုင်ရန်အတွက် လာမည့် သောကြာနေ့တွင်
အာဏာပိုင်များထံ စာရေး၍ ခွင့်တောင်းရန်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
|
|
Read more...
|
|
တရားမဝင်အလုပ်သမားများ တင်ဆောင်လာသည့်ကား မြစ်ထဲသို့ထိုးကျ |
|
|
|
|
Written by နေလ
|
|
Orginal Post by: Yoma3
ဉာဏ်မောင်။
အောက်တိုဘာ ၆၊ ၂၀၀၈
တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအား တင်ဆောင်လာသည့် ထရပ်ကားတစီး
မြစ်တွင်းသို့ ထိုးကျသွားရာတွင် လူပေါင်း ၁၈ ဦး သေဆုံးပြီး ၂၅ ဦး
ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့က ဂရိနယ်စပ်အနီး တူရကီဟိုင်းဝေးလမ်းပေါ် ဖြတ်သန်းမောင်းနှင်စဉ်
အရှိန်ဖြင့် ကွေ့လိုက်ရာမှ မြစ်တွင်းသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း
အနိုတိုလီယမ်ပြည်နယ် သတင်း အေဂျင်စီတွင် ဖေါ်ပြခဲ့သည်။
ကားပေါ်တွင် လိုက်ပါလာသူများမှာ မြန်မာနိုင်ငံနှင့် ပါကစ်စတန်နိုင်ငံမှ
အလုပ်သမားများ အများဆုံးပါဝင်ပြီး ယင်းကဲ့သို့ ပို့ဆောင်ရာတွင်
ကားအတွင်း လူများ အဆမတန်တင်ဆောင်မှု များ ရှိသည်ဟု ဆိုသည်။
တူရကီနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ယခင်
ဆိုဗီယက်ယူနီယံတို့မှ ရွှေ့ပြောင်း အလုပ်သားများ
ဥရောပသမဂ္ဂနိုင်ငံများသို့ တရားမဝင်သွားရောက်လုပ်ကိုင်ရန် အဓိက လူကုန်
ကူးနေသည့် လမ်းကြောင်းတခုဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်
ရွှေ့ပြောင်းအလုပ်သမားများအား ကားဖြင့် တင်ဆောင်လာစဉ် အသက်ရှူကြပ်၍
မြန်မာအလုပ်သမား ၅၄ ဦး သေဆုံးခဲ့သည်။
|
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
|
Page 10 of 12 |