More Information
Home
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) သို့ အလည်လာကြသော မိတ်သင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွင်လန်းပါစေ။
Association of United Nationalities in Japan
June လ ၉ ရက် ဦးခွန်ထွန်းဦး လွတ်မြောက်ဖို့အတွက် တောင်းဆို... PDF Print E-mail
Written by နေလ   

 ၉ ရက်နေ့ရောက်တိုင်း ကျွန်တော်တို့ရဲ့ သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ ရှိဘုယရှိ မြန်မာအခွန်ရုံးရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို တတ်ရောက်လာကြသော ဒီမိုကရေစီအင်အားစုများက စကားအသီးသီးပြောကြပြီး ကြွေးကြော်သံများကို ကြွေးကြော်ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။ ယနေ့ အခမ်းအနားကို ဒီမိုကရေစီအင်အားစု အဖွဲ့ဝင်ပေါင်း အယောက် ၉၀ နီးပါး တတ်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး နှင့် အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံ ချက်ခြင်းလွတ်။

 

 
ဦးခွန်ထွန်းဦးလွတ်မြောက်စေရန် တောင်းဆိုဆန္ဒပြပွဲ PDF Print E-mail
Written by နေလ   

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) AUN (Japan) မှ ဦးဆောင်ပြီး လစဉ်လတိုင်း ၉ ရက်နေ့တွင် သျှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် တောင်းဆိုဆန္ဒပြပွဲကို နအဖစစ်အခွန်ရုံးရှေ့တွင် ယနေ့ ၃နာရီမှ ၄နာရီအထိ ကျင်းပခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် တက်ရောက်လာသောဂျပန်ရောက် ဒီမိုကရေစီအင်အားစုပေါင်း အယောက် ၆၀ လောက်တတ်ရောက်ခဲ့ပါသည်။ ထို့နောက် တတ်ရောက်လာကြသော ဒီမိုကရေစီအင်အားစုများမှ ကိုယ်စားလှယ်များကလည်း ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် စကားပြောကြားခဲ့ပါတယ်။ အခမ်းအနားကို ညနေ ၃ နာရီမှ ၄နာရီအထိကျင်းပပြီး အခမ်းအနားအပြီးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး နှင့် အခြားနိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေဖို့အတွက် ကြွေးကြော်သံများ ကြွေးကြော်ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။


 

 
၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ ဒုတိယပိုင်း ဖျော်ဖြေရေးအစီအစဉ် ဓါတ်ပုံများ PDF Print E-mail
Written by နေလ   

ဒုတိယပိုင်းအနေဖြင့် ဖျော်ဖြေရေး အစီအစဉ်ကို ၄ နာရီမှာ  အခမ်းအနားကို စတင်ခဲ့ပါတယ်.. ရုပ်ရှင်များကိုတော့မနက်ဖြန်တင်ပေးနိုင်အောင်ကြိုးစားပေးပါ့မယ်.. အခုလောလောဆယ်တော့ ဒုတိယပိုင်း ဓါတ်ပုံများကို အားပေးခဲ့ပါဦး..

ဓါတ်ပုံ အပိုင်း ၁

 

ဓါတ်ပုံ အပိုင်း ၂

 

အခမ်းအနားကို ည ၇ နာရီတွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရှိရပါတယ်..။ အခမ်းအနားပြီးဆုံးသွားပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ် အခမ်းအနားကိုလည်း တစ်လက်စထဲ ဧည့်သည်တော်များက ဆက်လက်ချီတတ်ခဲ့ကြပါတယ်..

အထူးကျေးဇူးတင်ရမှာက သတင်းဓါတ်ပုံကို အခမဲ့ကူညီရိုက်ကူးပေးတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ကြီး ၊ AUN Media Group ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့..

LIAN KHAN SUM ( CNC )  အား အထူးပင်ကျေးဇူးတင်ပါကြောင်း ကျွန်တော်ဒီနေရာကနေ ပြောကြားလိုပါတယ်..။

ဆက်လက်ပြီး အခမ်းအနားဖြစ်မြောက်ရေး ကော်မတီရှိ တာဝန်ရှိသူအသီးသီးကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း ဒီနေရာမှ မှတ်တမ်းတင်အပ်ပါတယ်...လက်ရှိဓါတ်ပုံများကို မည်သူမဆို အခမဲ့ ကူးယူဖော်ပြနိုင်ပါတယ်..။ဒါပေမယ့်.. ကူးယူခဲ့တဲ့အကြောင်းလေးကိုတော့ ပြောကြားပေး၊ ဖော်ပြပေးစေလိုပါတယ်...။

 

ကျေးဇူးတင်ပါတယ်

နေလ ( AUN Media Group Admin ) ( SND WEB Admin )

 
သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အီတလီဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြင့်ခံရ PDF Print E-mail
Written by နေလ   


ဗုဒ္ဓဟူးနေ့၊ 10 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်၌  အကျဉ်းကျခံနေရသူ သျှမ်းခေါင်းဆောင် SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး ကို အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီြး မင့်ခဲ့ပါသည်။ ယခုလ ၉ ရက်နေ့က မွန်ဇာ မြို့တော်ခန်းမ၌ ကျင်းပ သောဆုပေးပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး ကိုယ်စား ဘရပ်ဆဲလ် အခြေစိုက် ဥရောပ မြန်မာရုံး လက်ထောက် ညွန်ကြားရေးမှူး ဦးဘိုဒီဇော်မင်းက တက်ရောက် လက်ခံခဲ့ပါသည်။ 

၎င်းနဲ့ပတ်သက်ပြီး ဥရောပ-မြန်မာရုံး ညွန်ကြားရေးမှူး စ၀်ဟန်ယောင်ဟွေ့က " ကျနော်တို့ သျှမ်းခေါင်းဆောင် တွေတကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုလိုက်တာပါဘဲ။  နှစ်ရှည်ထောင် ကျခံ နေရပေမဲ့ ကျန်းမာရေး ကောင်းဖို့အဓိက ဖြစ်နေတဲ့အတွက် စိတ်ဓါတ်မကျဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ ကျနော် က အားပေးစကားပြောချင်ပါတယ်။ ဆက်လုပ်စရာရှိတာကို ကျနော်တို့နောင်လာနောက်သားတွေ ဆက်လုပ်သွား မယ်လို့လဲ ပြောချင်ပါတယ်" လို့ပြောပါတယ်။ 

သျှမ်းခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ်ကျခံရမှုကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သျှမ်းမျိုးဆက်သစ် လူငယ်များ အနည်းငယ်တုန့်နှေးသွားခြင်းနှင့် ပတ်သက်၍ စ၀်ဟန်ယောင်ဟွေ့က "ဖြစ်နိုင်တယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတိုင်းကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေပေးပြီး မိသားစုထောင်ဝင်စာတွေ့ဖို့ခက်တဲ့  ဗမာ ပြည်  နယ်စွန်နယ်ဖျားကို ပို့ပို့ပစ်တာဟာ မျိုးဆက်သစ်လူငယ်တွေနိုင်ငံရေး၊ အမျိုးသားရေးမလှုပ်ရှားရဲအောင် လုပ်ပြတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မြန်မာပြည်ကြီးဒီမိုကရေစီ မရမချင်း၊ စစ်မှန်သော ပြည်ထောင်စုကြီးမဖြစ်မချင်း၊ စစ်အာဏာရှင်မကျဆုံးမချင်း ကျနော်တို့တိုင်းရင်းသား တွေဟာဖိနှိပ်မြဲဖိနှိပ်ခံနေရဦး မှာဘဲ။ ဒါကြောင့်ကြောက်ရွံ့လို့မနေနဲ့၊ တုန့်နှေးလို့မနေနဲ့၊ လုပ်စရာရှိတာလုပ်သွားပါ။ သူများကိုသွားအားကိုးနေလို့မြ ဖစ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်အားကိုးရမယ်။ ကိုယ့်အချင်းချင်း စည်းလုံးရမယ်။ စည်း စည်းလုံးလုံးနဲ့ လုပ်စရာရှိတာလုပ်သွားရင် ကိုယ်မျှော်မှန်းတဲ့ပန်းတိုင် မလွဲမသွေရောက်မှာဘဲ။ ယခုနအဖရဲ့ လုပ် ရပ်ဟာ ခြိမ်းခြောက်တာသက်သက်ဘဲဖြစ်တယ်။ လုပ်စရာရှိတာဆက်လုပ်သွားရင် သူတို့လဲ ဘယ်လိုမှမတတ် နိုင်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေလဲ အဖမ်းခံရသည့်တိုင်အောင် မကြောက်မရွံ့ စိတ်ဓါတ်ကြံ့ခိုင်နေသေး တာဘဲ။ သူတို့လမ်းပြတဲ့အတိုင်း ဆက်လုပ်သွားဖို့ ကျနော်တိုက်တွန်းအားပေးချင်တယ်" ဆက်ပြောပါတယ်။ 

Read more...
 
ဒီပဲယင်း၆နှစ်ပြည့်အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ PDF Print E-mail
Written by နေလ   

 မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမူ့ကြီး ၆ နှစ်ပြည့်အခမ်းအနားကို ဂျပန်နိုင်ငံရှိ နအဖစစ်ခွန်ရုံးရှေ့တွင် ညနေ၃နာရီမှ ၅နာရီအထိကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဒီပဲယင်းတွင်ကျဆုံးသွားသော ရဲဘော်အပေါင်းတို့အတွက် ၀မ်းနည်းခြင်းအဖြစ် ပန်းစည်းများချခဲ့ပါသည်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 7 of 12
Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge