More Information
Home
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) သို့ အလည်လာကြသော မိတ်သင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွင်လန်းပါစေ။
Association of United Nationalities in Japan
ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ PDF Print E-mail
Written by နေလ   

အမေစု.. ကျမ်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ယနေ့တွင် ဂျပန်နိုင်ငံ ရှိဘူယ ရှိ UN ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့ပါတယ်။
ဘုန်းကြီး ၅ ပါးကြွချီပြီး.. ဆုတောင်းပေးခဲ့ပါတယ်။ ဒီမိုကရေစီအင်အားစု အယောက် ၂၀၀ နီးပါး တတ်ရောက်ခဲ့ပါတယ်။

 
ဧရာဝတီ PDF Print E-mail
Written by mintayza   

ဧရာဝတီ

Image and video hosting by TinyPic

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်များက ရန်ကုန်မြို့ ကျောက်ကုန်းနေအိမ်မှ လာရောက်ခေါ်ဆောင်သွား ကြောင်း NLD က ပြောသည်။
Read more...
 
Ethnic Human Rights Committee (Japan)၏ ၂၀၀၈ ခုနှစ် ကိုးရီးယားခရီးစဉ် PDF Print E-mail
Written by Administrator   

၂၀၀၈ ခုနှစ် နိဝင်ဘာလ  ၂ ရက်

Ethnic Human Rights Committee (Japan)၏ ၂၀၀၈ ခုနှစ် ကိုးရီးယားခရီးစဉ်



 
(RHQ)Refgees Head Quarter အကြိမ်(၃၀)မြောက် ချစ်ကြည်ရေးပွဲတော် PDF Print E-mail
Written by နေလ   

(RHQ)Refgees Head Quarter မှ ဦးစီးကျင်းပပြုလုပ်သည့် အကြိမ်(၃၀)မြောက် ဂျပန်တွင်အခြေချ နေထိုင်ကြသည့် ဒုက္ခသည်များ၏ ယဉ်ကျေးမှုပဒေသာကပွဲအခမ်းအနားကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့  Shinjuku မြို့ နယ် Bunka Center Hall ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ်ကို နှစ်ပိုင်းခွဲ ကျင်းပပြုလုပ်ပြီး ပထမပိုင်းတွင် အာရှလူမှုရေးနှင့်ပညာရေးဖေါင်ဒေးရှင်း ဥက္ကဌ Mr.Tamisuke Watanuki မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ၊ တရားရေးဝန်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးညွန်ချုပ်၊ UNHCR ဂျပန်တာဝန်ခံတို့ မှ အမှာစကား ပြောကြားခဲ့ကြပါသည်။
ဂျပန်နိုင်ငံတွင် အခြေချနေထိုင်ကြသည့် ဒုက္ခသည်များအတွက် အလုပ်အကိုင်ဖန်တီးအကူအညီပေးသည့် ဌာနများနှင့် ဒုက္ခသည် ကူညီထောက်ပံ့သူများတို့ ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြင့်ခဲ့ပါသည်။ ဂျပန်တွင် အခြေချနေထိုင်သူများထဲမှ စံပြ အခြေချနေထိုင်သူ ဒုက္ခသည် (၁၁)ဦးကိုလည်း ဂုဏ်ပြုလက်မှတ် ချီးမြင့်ခဲ့ပါသည်။

ဒုတ်ယပိုင်း အခမ်းအနားကို Musashino အလယ်တန်းနှင့်အထက်တန်း ကျောင်းသူများမှ ဘင်ခရာတီးဝိုင်းဖြင့် တင်ဆက်ပြီး ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း AUN-Japan မှ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှုအကများကို ကပြဖျော်ဖြေခဲ့ပါသည်။ ထိုနောက် ကမ္ဘောဒီယား ၊ လာအို ၊ဗီယက်နမ် နိုင်ငံအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြစ် တင်ဆက်ဖျော်ဖြေသွားပါသည်။ အာရှလူမှုရေးနှင့် ပညာရေးဖေါင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr.Shigeo Ishisaki မှ ကျေးဇူးတင်စကားပြောကြားပြီး “မွေးရပ်မြေကို သတိရတယ် ” FURUSATO ဂျပန်ရိုးရာသီချင်းဖြင့် စုပေါင်းသီဆိုကြပြီး အခမ်းအနားအစီအစဉ်ကို ညနေ ၁၇း၃၀ တွင် ပြီးဆုံးခဲ့ပါသည်။ 

Photo by - Lian Khan Sum( CNC-Japan)

Credit to : pnsjapan blog

 

 
အခြေခံ ဥပဒေ တရားမ၀င်ဟု SSA (တောင်ပိုင်း) ပြောကြား PDF Print E-mail
Written by နေလ   

Orginal Post By: ခွပ်ဒေါင်းမြေ

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ သည် စစ်အာဏာ တည်မြဲရေးအတွက်သာ အစဉ်တစိုက် လုပ်ဆောင်နေပြီး၊ မေလ ဖွဲ့စည်းပုံ ဥပဒေသည် တရားမဝင်ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S က ယနေ့ ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ အပါအဝင် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နအဖ က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရန် အနုနည်း၊ အကြမ်းနည်းများဖြင့် စည်းရုံး သိမ်းသွင်းနေသည့်အပေါ် SSA-S က ဝေဖန် ပြောကြားခြင်း ဖြစ်သည်။

"နအဖ က သူ့ရဲ့ စစ်အာဏာ သက်ဆိုးရှည်ဖို့ ကြိုးစားနေတာ။ တိုင်းရင်းသား အဖွဲ့တွေက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက်အရ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နအဖ ရေးထားတဲ့ အခြေခံဥပဒေက ပြည်သူတွေရဲ့ သဘောထားဖြစ်တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေရဲ့ သဘောထားမပါဘူး။ အပစ်ရပ်စဲရေးတွေ စုပေါင်းပြီး အခြေခံဥပဒေမှာ ထည့်သွင်းဖို့၊ လိုချင်တဲ့အချက်တွေ တင်ပြတယ်ဆိုပေမယ့် ရတာမရှိဘူး။ ဒီအခြေခံ ဥပဒေကို မူတည်ပြီး ရွေးကောက်ပွဲလုပ်မှာ ဖြစ်လို့ တိုင်းရင်းသားတွေက လက်ခံနိုင်မှာ မဟုတ်ဘူး" ဟု SSA-S လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တောင်းဆိုချက်သည် မြန်မာ့နိုင်ငံရေး ပြဿနာတချို့ ပြေလည်စေရေးအတွက် အရေးကြီးသည့် တောင်းဆိုချက်ဖြစ်ကြောင်း သူက ပြောသည်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 5 of 12
Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge