by: JAC – Information
ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူ လိုက်နာရန် စတင်ကျင့်သုံးသော ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်ကို အမှတ်တရ ဖြစ်စိမ့်သောငှာ နှစ်စဉ် ထိုနေ့ ရောက်တိုင်း နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက လူ့အခွင့်အရေးများနေ့ အခမ်းအနားကို ကျင်းပကြပါသည်။
အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံမှု မရှိခြင်းသည် လူ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြေခံကျကျ လိုအပ်ချက်တခု ဖြစ်ပါသည်။ ထိုလိုအပ်ချက်၏ အရေးပါမှုကို အဓိက ဦးတည်လျက် ယခုနှစ် ၂ဝဝ၉ လူ့အခွင့်အရေးများနေ့ အခမ်းအနားကို “မတူ ကွဲပြားခြားနားခြင်းကို ဝမ်းပမ်းတသာ လက်ခံပါ။ အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံမှုကို အဆုံးသတ်ပါ” ဆိုသည့် ဆောင်ပုဒ်တွင် တိကျစွာ ဖော်ပြထားသည့်အတိုင်း ကမ္ဘာနှင့်အဝှမ်း တရက်တည်းတပြိုင်တည်း ကျင်းပကြမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတို့ကလည်း မြန်မာနိုင်ငံတွင် စစ်အစိုးရက ပြည်သူများ အပေါ် လူ့အခွင့်အရေးများ အကြီးအကျယ် ချိုးဖောက်နေခြင်းကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့်၎င်း၊ ထိုလုပ်ရပ်များကို နိုင်ငံတကာပြည်သူများအား အသိပေးရန်အတွက်၎င်း၊ ထိုလုပ်ရပ်များကို တတ်နိုင်သမျှ လျော့နည်းပပျောက်သွားစေရန် နိုင်ငံတကာမိသားစုများနှင့် ပေါင်းစည်း လှုပ်ရှားနိုင်ရေးအတွက်၎င်း၊ ဆောင်ပုဒ်တွင် ပါရှိသည့် မတူ ကွဲပြားခြားနားခြင်းကို ဝမ်းပန်းတသာ လက်ခံရေး၊ အဆင့်အတန်းခွဲခြား နှိမ့်ချဆက်ဆံမှုကို အဆုံးသတ်ရေးအတွက်၎င်း ယခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် လူ့အခွင့်အရေးများနေ့ အခမ်းအနားကို ကျင်းပခဲ့ပါသည်။
မျှော်လင့်သောအကြည့် ( နာဂစ်ရဲ့သီချင်းလေးပါ ) [ဆို - ၊ မျိုးကြီး၊ Lလွန်းဝါ၊ နောနော်၊ တင်ဇာမော်၊ ဆုန်သင်းပါရ်၊ ဇမ်နူး၊ ကြိုးကြာ] အကြင်နာ မထားခဲ့ပါ … ကြေကွဲဖို့ကောင်းလိုက်တာ … လေဖိအားနည်းဖြစ်ပေါ်တဲ့ လေမုန်တိုင်းနောက်ကွယ်မှာ …. ပျက်သုန်းဖို့ စတင်တာလို့ … အဆိပ်သင့် မျက်ရည်ရွှဲစို … လတ်လတ်ဆက်ဆက် အနိဌာရုံ … ခေါင်မိုးများ လွင့်ထွက်ကာ … သစ်ကိုင်းကြီးများကျိုးကျ … ဒီရေလှိုင်းများ လိုက်ပါတော့ သူမြင်ရာအမိအရဆွဲခေါ်သွား ရှောင်ပြေးဖို့ မဖြစ်နိုင်တာမို့ ဆိတ်သုန်းမဲ့ ၀ိညာဉ်များစွာ သေခြင်းနဲ့ မျောပါသွား နွေတိမ်တိုက်တို့ပြိုလဲ ရက်စက်လွန်းတဲ့ မုန်တိုင်းရယ် ပူဆွေးသောကပင်လယ် လောင်မြိုက်သော မီးထက်ပူတယ် အကုန်ခေါ်သွားတော့တာပဲ .. မျက်ရည်များသာကျန်ခဲ့တယ် တကယ်ကြမ်းတမ်းလွန်းပါတယ် ဆုံးရှုံးခြင်းတွေသာ ကျန်နေခဲ့
နွေတိမ်တိုက်တို့ပြိုလဲ ရက်စက်လွန်းတဲ့ မုန်တိုင်းရယ် ပူဆွေးသောကပင်လယ် လောင်မြိုက်သော မီးထက်ပူတယ် အကုန်ခေါ်သွားတော့တာပဲ .. မျက်ရည်များသာကျန်ခဲ့တယ် တကယ်ကြမ်းတမ်းလွန်းပါတယ် ဆုံးရှုံးခြင်းတွေသာ ကျန်နေခဲ့
ဒီဇင်္ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ မြန်မာ့အရေး ကူညီဆောင်ရွက် လုပ်ကိုင်ပေးနေကြတဲ့ ဂျပန် နဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) တို့ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (People Forum on Burma) ဦးဆောင်စည်းရုံးမှုနဲ့ တိုကျိုမြို့  (Tokyo) ရှီဘူရာ ပန်းခြံ (Shibura Park) မှာ စုရုံးပြီး တိုကျိုမြို့ ထဲကို စည်းကမ်းတကျ စီတန်းလှည့်လည်ကာ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့  မတရားဖမ်းဆီး ထောင်ချအပြစ်ပေးမှု၊ နိုင်ငံရေး ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို ဆန္ဒပြ တောင်းဆိုကြပါတယ်။
၂၀၀၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျရောက်တဲ့အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)၏ ၃၃ နှစ်မြောက်အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့Minima Ostuka Hall တွင် မဒတ ဂျပန်ကိုယ်စားလှယ်မှ ဦးဆောင်ပြီး ည ၁၈ နာရီမှ၂၁ နာရီခွဲအထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
ပြောရေးဆိုရာ ... အရေးကြိးသော အကြောင်းအရာများအတွက် ...