More Information
Home
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) သို့ အလည်လာကြသော မိတ်သင်္ဂဟများအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာရွင်လန်းပါစေ။
Association of United Nationalities in Japan
ဒေါ် အောင်ဆန်း စုကြည် အဟာရ ချို့တဲ့ မှု ဒါဏ်ခံစား နေရ ကြောင်း PDF Print E-mail
Written by နေလ   

အာဟာရ ချို့တဲ့မှု ဒါဏ် ခံစား နေရကြောင်း သူမ ၏ ရှေ့နေ ဖြစ်သူ က ထုတ်ပြန် ကြေငြာ လိုက်သည်။ အောက်တိုဘာလ (၁၅) ရက်နေ့က ဒေါ် အောင်ဆန်း စုကြည် ၏ ကျန်းမာ ရေး ကို စစ်ဆေး ကြည့်ရှု ခဲ့သည့် ဆရာဝန် နှင့် တွေ့ဆုံ ဆွေးနွေး အပြီး ရှေ့နေ ဦးကြည်ဝင်း က အထက်ပါ အတိုင်း ကြေငြာ ခဲ့သည်။

ဦးကြည်ဝင်း က ဒေါ် အောင်ဆန်း စုကြည် အစာ ငတ်ခံ ဆန္ဒပြ နေသည် ဆိုသော သတင်း များ အား ငြင်းဆို သွားပြီး ဒေါ် အောင်ဆန်း စုကြည် သည် သြဂုတ်လ (၁၆) ရက်နေ့ ကတည်း က သူမ ထံလာ ပို့ သော အစား အသောက် များ ကို လက်မခံ တော့ခြင်း သာဖြစ်ကြောင်း၊ အစာ အနည်းငယ် မျှ စားသောက် ကြောင်း ပြောဆို ခဲ့သည်။


ဒေါ် အောင်ဆန်း စု ကြည် အနေ ဖြင့် အာဟာရ ချို့တဲ့ နေသော ကြောင့် အာဟာရ ဖြစ်ထွန်း မည့် အစား အသောက်များ စားသောက်ရန် လိုအပ် သည် ဟု ဆရာဝန် က ညွှန်ကြား ခဲ့ကြောင်း ဦးကြည်ဝင်း က ဆိုသည်။

စက်တင်ဘာလ (၁၄) ရက် နေ့ က ဒေါက်တာ တင်မျိုးဝင်း က ဒေါ် အောင်ဆန်း စုကြည် ၏ အင်းယားကန် နံဘေးရှိ နေအိမ် သို့သွားရောက် ကာ သူမ ၏ ကျန်းမာရေး အခြေ အနေ ကို လေး နာရီခွဲ မျှ ကြာ အောင် စမ်းသပ် စစ်ဆေး ခဲ့ပြီး သူမ ၏ အခြေ အနေ နှင့် စပ်လျဉ်း ပြီး ဒေါ် အောင်ဆန်း စုကြည် ၏ ရှေ့နေ မှ တဆင့် အတည် ပြု ကြေငြာ မည်ဟု ပြောဆို ခဲ့သည်။

 

လူထုအသံမှ ပြန်လည်ကူးယူဖော်ပြပါသည်။

 
မြန်မာ့ ဘလော့ဂ္ဂါ တော်လှန်ရေးသမားများ PDF Print E-mail
Written by နေလ   

 

 
ပင်လုံသက်သေ မွေခံထိုက်စေ PDF Print E-mail
Written by နေလ   

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)


နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။ 

Read more...
 
ဗိုလ်မှူးကြီးခွန်ဥက္ကာ နိုင်ငံရေးဆွေးနွေးပွဲ ( ဂျပန် ) PDF Print E-mail
Written by နေလ   
Image and video hosting by TinyPic

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း ( ဂျပန် ) AUN-Japan မှ ဦးဆောင်ပြီး ဂျပန်နိုင်ငံတွင်ခေတ္တရောက်ရှိနေသော ဗိုလ်မှူးကြီးခွန်ဥက္ကာ (Chairperson-PPLO)/ ( General Secretary-NDF ) နှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို Takadanobaba , Sekatsu Center 4F တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် AUN-Japan မှ ဥက္ကဋ္ဌ ဦးဇော်မင်းခိုင် ( ၂၀၀၈-၂၀၀၉) မှ အမှာစကားပြောကြားပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဗိုလ်မှူးကြီးခွန်ဥက္ကာမှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ၊  တိုင်းရင်းသားအခန်းကဏ္ဍများနှင့် အနာဂတ်နိုင်ငံရေးအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီးမှ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ယနေ့အခမ်းအနားကို ညနေ ၆ နာရီမှ ၉ နာရီအထိကျင်းပခဲ့ပြီး အခမ်းအနားမှုးများအဖြစ် မိုင်ကျော်ဦးနှင့် L.Zau La တို့မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ဒီမိုကရေစီအင်အားစု ၅၀ ကျော် တတ်ရောက်ခဲ့ပါသည်။

 
AUN-Japan 19th July Statement PDF Print E-mail
Written by နေလ   

 

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 12
Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge Click to enlarge